Wednesday, May 16, 2012

The Red Sein Pan


စိန်ပန်းနီနီတွေ ပွင့်တဲ့ ရန်ကုန်မှာ အခု၊
မကြာခင်မှာ အမေရှိရာ သွားအုံးမယ်၊

အားလုံးဟာ အလိုက်သင့် အဆင်ပြေနေပါတယ်လို့၊



ရာသီဥတုက
ပူပြင်းနေတာ များပါတယ်၊
စီးတီးတိုင်စီကိုပဲ အားကိုးနေရတာများတာမို့
မစုတ်လွန်းမကောင်းလွန်းသော ကား
အဲကွန်းပါသောကား
မြည်သံစွဲအလင်္ကာတွေနဲ့ကား
ကားတွေ များလာလို့တဲ့
ဘုရင့်နောင်နဲ့ ရွှေဂုံတိုင်မှာ ကားပိတ်နေတာ ကြုံလိုက်သေးတယ်၊

အိမ်မှာ
စားစရာတွေကလည်း
နှစ်သက်ရာ လိုက်ဖက်ရာတွေပဲ
ဓါတ်ပုံရိုက်ယူလိုက်ဖို့ မမှီလိုက်တာချည်းပဲ

မနက်ခင်းနိုးထလာရင်း
စပယ်ပန်းတချို့ ပွင့်နေမယ်၊
ချုံနှင်းဆီအဖြူ အနီ တချို့ဟာ ပိုးကျလို့ ပွင့်ချင်ပါလျှက် အလှမပီပြင်ရှာဘူး၊

ခြံတံခါးဝက် တရုတ်စကားဖြူဖြူရနံ့ဟာ တချက်ချက် လေနဲ့အတူ လွင့်ပါးလာတတ်တယ်၊
ဟိုဖက်အိမ်က ဆိတ်ဖလူးပန်းပွင့်တွေက ခြံစည်းရိုးသံပန်းတွေမှာ လာကြွေကျတယ်၊

အခုလောလောဆယ် အခြေတကျဖြစ်ဖို့ ရှာဖွေပြင်ဆင်နေတုန်းပဲ၊ အလုပ်နရာ၊ နေထိုင်မယ့်နေရာ၊ အချိန်တော့ ယူရလေအုံးမယ်။



Sunday, May 6, 2012

Home

‘နင်မှမသိတာ… လူတိုင်းမရနိုင်တဲ့အရာတခုကို ရခဲ့ပြီးကာမှ ဆုံးရူံးလိုက်ရတဲ့ ခံစားမူကိုလေ…’
‘နင်ရခဲ့ဘူးတဲ့ အရာအတွက်တော့ နင်ပျော်နိုင်ရမှာပေါ့… ဒါပေမယ့် နင်က ဆုံးရူံးရတာကိုပဲ တွေးနေတော့ နင်မပျော်နိုင်တော့ဘူး… ဘင်တီ နင်ဟာလေ အဓိပါယ် မရှိတာတွေ တော်တော် လုပ်တယ်’
စုထားရဲ့‘ကောင်းကင်ဘုံ’ ဆိုတဲ့ ၀တ္ထုမှ

အိမ်ကို ပြန်ရောက်ရောက်ခြင်း ပထမဉီးဆုံး ဖတ်လိုက်ရတဲ့ စာအုပ်ပါ၊ Deborah Ellis ရဲ့ The Heaven Shop ကို ဆရာမ စုထားက ဘာသာပြန်ထားတာ ဖြစ်ပါတယ်၊
ဖတ်စရာ စာအုပ်တွေ အပုံလိုက်ပဲ စောင့်နေတဲ့ အိမ်မှာ ဖတ်ချင်တာလေးတွေ ဖတ်ဖို့ အခွင့်အရေးရမယ်လို့ မျှော်လင့်မိပါတယ်၊
စာလုံးလေးတွေ သေးငယ်လှတဲ့ စာအုပ်ထူထူ The Fountainhead ရဲ့ ဇာတ်ကောင် ဗိသုကာတွေရဲ့အကြောင်းကိုလည်း စိတ်နှစ်ပြီး ဖတ်ရူနေမိပါတယ်၊ လူတယောက်ချင်းစီရဲ့ စရိုက်၊ အဲဒီခေတ်ရဲ့ ဗိသုကာလက်ရာတွေနဲ့ ဗိသုကာတွေရဲ့ စရိုက် ပေါ်လွင်အောင် ရေးပြနိုင်တဲ့ စာရေးဆရာမ Any Rand ရဲ့ အရေးအသားနဲ့ ရေးဟန်ကိုလည်း နှစ်ခြိုက်နေမိတယ်၊ ပြီးတော့ အတုယူရမယ်လို့လည်း တွေးနေမိတယ်။

(ကော်နက်ရှင်တွေ ကောင်းပြီး အင်တာနက်သုံးဖို့ အချိန် အတော်များများ ရနိုင်တဲ့ တနေ့မှာ တနေ့တာ ပိုစ့်များကို ရေးပါအုံးမယ်)



Write Zawgyi-One Here 

 

Thursday, April 12, 2012

Sayonara

အခုတလော အလုပ်မှာ နားထောင်ဖြစ်နေတဲ့ သီချင်းတစ်ပုဒ်ရှိတယ်၊
ဆာရိုနားရား၊ ဂျပန်ဘာသာစကား 'နုတ်ဆက်ပါတယ်' တဲ့၊
ကောင်းသော ခွဲခွာခြင်းအတွက် နုတ်ဆက်စကားပါ၊
ဒါကြောင့် နုတ်ဆက်ပါတယ်၊
ဆာရိုနားရား...

ဘလော့ဂ်ရေးခြင်း သုံးနှစ်ခွဲဆိုတဲ့ အချိန်ကာလအတွင်းမှာ စိတ်ထဲရှိတာတွေ ချရေးဖြစ်ခဲ့တာများကို ေ၀မျှပြီး ဖတ်ရူပေးခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်၊


လေးနှစ်တာကာလအတွက် အမှတ်တရပိုစ့်များကို သိမ်းဆည်းပြီး အိမ်ကို ပြန်ပါတော့မယ်၊
ဘလော့ဂ်ရေးခြင်းကို ဖြစ်နိုင်မယ်ဆိုရင်တော့ ဆက်ရေးချင်ပါသေးတယ်၊

အိမ်ကို ပြန်ရောက်ရင် ဘ၀ကို အသစ် က တဖန် ပြန်စတင်ရအုံးမှာမို့ အချိန်အတော်ကြာအောင် ဘလော့ဂ်နဲ့ ကင်းကွာနေမလားဆိုတာပါပဲ၊

ခင်မင်သူများအားလုံးကို ကျေးဇူးတင်စွာနဲ့ ဆာရို
နာရား ပါ။





****************************************




ဆာရိုနားရား...

ဘလော့ဂ်ရေးခြင်း သုံးနှစ်ခွဲဆိုတဲ့ အချိန်ကာလအတွင်းမှာ စိတ်ထဲရှိတာတွေ ချရေးဖြစ်ခဲ့တာများကို ဝေမျှပြီး ဖတ်ရူပေးခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်၊



